Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာ(၃)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၀.၂၄၂၆)သန်းနှင့်သွင်းကုန်အမေရိကန်ဒေါ်လာ(-)သန်းစုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၂၆)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်း ဖြင့် (၂၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၈)တန်၊ တန်ဖိုး (၀.၀၀၀၉) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်း ဖြင့် (၁၅)တန်၊ တန်ဖိုး (၀.၀၀၄၅) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၆၉.၆)တန်၊ တန်ဖိုး (၀.၀၈၇၀) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၆၉.၆၉၆)တန်၊ တန်ဖိုး (၀.၀၈၉၂) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀) နှုန်းဖြင့်  (၃၁.၆၈)တန်၊  တန်ဖိုး (၀.၀၄၁၈)  ဒေါ်လာသန်း၊  ငါးသိုင်းခေါင်းပွ  (8 TO UP) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀) နှုန်းဖြင့် (၃.၃၆)တန်၊ တန်ဖိုး (၀.၀၀၄၇) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၉.၈၄)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပိုင်းတွင် တင်သွင်းနိုင်မှုမရှိ ကြောင်း သိရှိရပါသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၇.၅)တာကာနှင့် (၁)တာကာလျှင် (၂၇.၈၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ရေမိုင်(၇၀)ခန့်ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာ(၃)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဓါတ်မြေဩဇာပေါက်စျေးမှာ (၁)တန်လျှင် (၈၉၉၂၈.၀၆)တာကာ၊ ဘိလပ်မြေ(၁)တန်လျှင် (၁၀၇၉၁.၃၇) တာကာ၊ ဓာတ်ဆီ-၉၅ (၁)ဂါလံလျှင် (၄၃၇.၅၉)တာကာ၊ ဓာတ်ဆီ-၉၂ (၁)ဂါလံလျှင် (၄၀၈.၈၁)တာကာ၊ ဒီဇယ် (ရိုးရိုး) (၁)ဂါလံလျှင် (၄၂၅.၁၈)တာကာ၊ ဒီဇယ်(ပရီမီယမ်) (၁)ဂါလံလျှင် (၄၃၁.၆၅)တာကာနှင့် သံချောင်း(၁)တန်လျှင်(၆၂၉၄၉.၆၄) တာကာစျေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၇.၈၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာတားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News