Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၃-၁၀-၂၀၃) ရက်နေ့တွင်ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (၀.၆၁၉) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၉၃၆ သန်း၊  ကုန်သွယ်မှုပမာဏ  ကန်ဒေါ်လာ (၁.၅၅၅) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၁.၆၈၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၅) သန်း၊ ကဏန်း (၃၄.၉၈၀) တန် ၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၃၃) သန်း၊ ကြက်သွန်နီ (၁၇၀.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၉) သန်း၊ လျှော်ဖြူ(၃၄.၄၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅) သန်း၊ ဆန်ကွဲ(၉၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၀) သန်း၊ ဆန် (၇၁.၅၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၂) သန်း၊ ဝါဂွမ်း(၁၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈)သန်း၊ ဆီးဆံ (၉.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၂) သန်း၊ မြေပဲ(၁၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၅)သန်း နှင့် မက္ကဒေးမီးယားသီး (၃၃.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၃) သန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၄) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယအပိုပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၉) သန်း၊ သံဘောင် တန်ဖိုးကန်ဒေါ်လာ (၀.၀၂၉) သန်း၊ လိမ္မော်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်း၊ အလူမီနီယံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်း၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်း၊ ပန်းသစ်တော်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်းနှင့် ကာဗွန်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်းတို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂.၁၈၅) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃.၆၀၆) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅.၇၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၇.၉၂၆) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

(၃-၁၀-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့်် (၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀၆.၃၈၃) နှုန်း၊ ကဏန်း(၁)တန်လျှင် ကန်ဒေါ်လာ(၃၈၀၅.၈၈၅) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၈၂.၇၆၈) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၇၅.၆၁၀) နှုန်း၊ ဆန်ကွဲ(၁)တန်လျှင် ကန်ဒေါ်လာ (၄၀၇.၂၆၆)နှုန်း၊ ဆန်(၁)တန်လျှင် ကန်ဒေါ်လာ (၄၄၉.၀၉၉) နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် ကန်ဒေါ်လာ (၁၇၂၆.၅၄၁)နှုန်း၊ ဆီးဆံ(၁)တန်လျှင် ကန်ဒေါ်လာ (၂၄၀၆.၂၃၉) နှုန်း၊ မြေပဲ(၁) တန်လျှင် ကန်ဒေါ်လာ(၉၅၀.၀၀၀) နှုန်း၊ မက္ကဒေးမီးယားသီး(၁) တန်လျှင် ကန်ဒေါ်လာ (၃၉၄.၄၅၉)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၄၃)စောင်ဖြစ်ပြီး ဝါဂွမ်း၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ အမဲသားခြောက်၊ ကဏန်း၊ ငါးရှဉ့်၊ ရေခဲငါးရှဉ့်တို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၄ ရက်အထိ စုစုပေါင်း Form E (၉၁)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ငါးရှဉ့် (၀.၁၅၅) ဒေါ်လာသန်း၊ ကဏန်း(၀.၁၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ(၀.၀၉၉) ဒေါ်လာသန်း၊ လျှော်ဖြူ (၀.၀၆၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၀.၀၄၀) ဒေါ်လာသန်း၊ ဆန်(၀.၀၃၂) ဒေါ်လာသန်း၊ ဝါဂွမ်း (၀.၀၂၈) ဒေါ်လာသန်း၊ ဇီးဆံ (၀.၀၂၂) ဒေါ်လာသန်း၊ မြေပဲ (၀.၀၁၅) ဒေါ်လာသန်း၊ MACADIMIA NUT (မကဒ်ဒေးမီးယားသီး) (၀.၀၁၃) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့် ယာဉ်ယန္တရားများ (၀.၁၂၄) ဒေါ်လာသန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း (၀.၀၃၉)၊ စပျစ်သီး(၀.၀၃၈) ဒေါ်လာသန်း၊ ပန်းသီး(၀.၀၂၉) ဒေါ်လာသန်း၊ သံဘောင်(၀.၀၂၉)ဒေါ်လာသန်း၊ လိမ္မော်သီး(၀.၀၂၃)ဒေါ်လာသန်း၊ အလူမီနီယံချောင်း (၀.၀၂၀)၊ ဖိနပ်မျိုးစုံ (၀.၀၁၇)ဒေါ်လာသန်း၊ ပန်းသစ်တော်သီး(၀.၀၁၇) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၀.၀၁၇)ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၄၂)စီး၊ သွင်းကုန်ယာဉ်စီးရေ (၇၂) စီး၊ စုစုပေါင်း(၁၁၄)စီး၊ ပို့ကုန်(၀.၆၁၉)ဒေါ်လာသန်း၊ သွင်းကုန်(၀.၉၃၆)ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ (၁.၅၅၅) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက် အထိ ပို့ကုန်ယာဉ်စီးရေ (၁၃၆)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၁၈)စီး ကုန်သွယ်မှု (၅.၇၉၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ် နေကြောင်းသိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News