Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၈) ရက်နေ့မှနိုဝင်ဘာလ(၃)ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၃၄၇၃)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ(-)သန်း၊ ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ (၀.၃၄၇၃)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀)နှုန်းဖြင့်(၂၅၉)တန်၊ တန်ဖိုး(၀.၀၂၅၉)ဒေါ်လာသန်း၊ ဆီးဖတ် (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၁၁၅)နှုန်းဖြင့်(၁၁၈)တန်၊ တန်ဖိုး(၀.၀၁၃၆)ဒေါ်လာသန်း၊ အုန်းသီးခြောက်(၁)တန်လျှင် အမေရိကန် ဒေါ်လာ(၃၀၀)နှုန်းဖြင့်(၁၀၆)တန်၊တန်ဖိုး(၀.၀၃၁၈) ဒေါ်လာသန်း၊ကွမ်းသီး (၁)တန် လျှင်အမေရိကန် ဒေါ်လာ(၂၃၂၁)နှုန်းဖြင့်(၂၃)တန်၊တန်ဖိုး (၀.၀၅၃၃)ဒေါ်လာသန်း၊ ချင်းအစို (၁)တန်လျှင် အမေရိကန် ဒေါ်လာ(၄၅၀)နှုန်းဖြင့်(၂၅)တန်၊ တန်ဖိုး(၀.၀၁၁၃)ဒေါ်လာ သန်း၊ နနွင်းတက်(၁)တန်လျှင်အမေရိကန် ဒေါ်လာ (၁၂၀၀) နှုန်းဖြင့် (၁၂)တန်၊ တန်ဖိုး (၀.၀၁၄၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၅၂၀) နှုန်းဖြင့် (၁၀)တန်၊ တန်ဖိုး (၀.၀၀၅၂) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၁-၂)(၁) တန်လျှင်အမေရိကန်ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၅၂.၈)တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ ငါးမြစ်ချင်း (၂-၃)(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၅၁.၄၅၆)တန်၊ တန်ဖိုး (၀.၀၆၅၈) ဒေါ်လာ သန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၁၅.၄၀၈)တန်၊ တန်ဖိုး (၀.၀၂၀၃) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀)နှုန်းဖြင့် (၇.၂၉၆)တန်၊ တန်ဖိုး (၀.၀၀၉၂) ဒေါ်လာသန်း၊ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၁၁.၂၈)တန်၊ တန်ဖိုး (၀.၀၁၅၈) ဒေါ်လာသန်း၊ ငါးသလောက် (၅၀၀-၈၀၀) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၇၉၀)နှုန်းဖြင့် (၀.၅၀၄)တန်၊ တန်ဖိုး (၀.၀၀၁၄) ဒေါ်လာသန်း၊ ငါးသလောက်(၈၀၀-၁၀၀၀) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၅၆၉၀)နှုန်းဖြင့် (၁.၀၅၀)တန်၊ တန်ဖိုး (၀.၀၀၆၀) ဒေါ်လာသန်း၊ ငါးသလောက်(၁၀၀၀-၁၂၀၀) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၇၀၀)နှုန်းဖြင့် (၀.၉၆၆)တန်၊ တန်ဖိုး (၀.၀၀၆၅) ဒေါ်လာသန်းနှင့် ဆီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ(၂၅၀)နှုန်းဖြင့်(၃)တန်၊ တန်ဖိုး (၀.၀၀၀၈) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်း မရှိပါ။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၉.၄၀)တာကာနှင့် (၁)တာကာလျှင် (၂၇.၂၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ် (၁)ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ စစ်တွေ- တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများသွားလာလျက်ရှိပါ သည်။

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ(၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ(၁) အောင်စလျှင် (2၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို(၄၅.၀၀)တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို (၂၉၀.၀၀) တာကာ၊ကြက်ဥ(၁)ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၂၇.၂၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အဓိကထားထုတ် လုပ်လျက်ရှိသည့်ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News