Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၈၁၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၂၈) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၈၄၁)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ( ၁ ) ရက်နေ့မှ ( ၅ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၁၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၆၀)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၁၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၄)သန်း၊ ဂျင်းခရု (အရှင်) (၇.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇)သန်း၊ ဂဏန်း(အသေ) (၁၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၃)သန်း၊ ရေခူဆားနယ်  (၂၅.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၈၆)သန်း၊ ကျောက်ပုဇွန် (အရှင်) (၁.၂၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၄၈)သန်း၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅)သန်း၊ ငရုတ်သီးစိမ်း (၁၅.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ကြက်သွန်နီ (၉၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၉၉)သန်း၊ တံမြက်စည်း (၁၆၈၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁၈)သန်း၊ ကြွေပြား (၃၀၀)M2 ၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်းဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်း ငါးမျိုးစုံ (၁၂၈၀.၇) ဒေါ်လာနှုန်း၊ (၁၁၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၆)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၃၃.၃၃) ဒေါ်လာနှုန်း၊ (၁၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၄)သန်း၊ ဂျင်းခရု (အရှင်) (၁၅၃၉.၄၇) ဒေါ်လာနှုန်း၊ (၇.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၇) သန်း၊ ဂဏန်း (အသေ) (၁၁၈၀.၆၅) ဒေါ်လာနှုန်း၊ (၁၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၃) သန်း၊ ရေခူဆားနယ် (၁၉၁၃.၃၉) ဒေါ်လာနှုန်း၊ (၂၅.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈၆) သန်း၊ ကျောက်ပုစွန်(အရှင်)(၂၀၁၆၂.၆)ဒေါ်လာနှုန်း၊(၁.၂၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄၈) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅)သန်း၊ ငရုတ်သီးစိမ်း (၇၇၂.၁၆)ဒေါ်လာနှုန်း၊(၁၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ကြက်သွန်နီ (၆၃၀.၅၃) ဒေါ်လာနှုန်း၊(၉၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၉၉)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင်  (၀.၂၀၂၄) ဒေါ်လာနှုန်း၊ (၁၆၈၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၄)သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းသစ်သီး(၃၆၀)ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁၈)သန်း၊ ကြွေပြား  (၁ M2) လျှင် (၃.၃၃) ဒေါ်လာနှုန်း၊(၃၀၀) M2 ၊  တန်ဖိုး  ကန်ဒေါ်လာ (၀.၀၀၁) သန်း  ဖြစ်ပါသည်။  မြိတ်မှ  မောတောင်သို့  ကုန်စည်သယ်ယူစရိတ်အနေဖြင့်  ယာဉ် (၁) စီးလျှင်  ကုန်ကျစ်  (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ (၇၀၀,၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင်မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ မောတောင်နယ်စပ်ဒေသ၌ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့်ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၄-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲ နှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၈၆) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၂.၀၈) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ် တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News