Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု၊ ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၇.၂)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံ စားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်- ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ(၃၀၀၀)ကျပ်နှင့်ဒီဇယ် တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၁) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News