Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၈-၁၀-၂၀၂၃ မှ ၃-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၈၀) တန်၊ တန်ဖိုး (၀.၀၄၄)ဒေါ်လာသန်း၊ ကြက်သွန်နီ (၆၀)တန်၊ တန်ဖိုး(၀.၀၄၇) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၃၀) တန်၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၃၃.၆) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၄၅) တန်၊ တန်ဖိုး (၀.၀၅၆)ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၅၀) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းအပါ အဝင်ပို့ကုန်တန်ဖိုး (၀.၂၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထောပတ်သီးမှ ယခင်ဘဏ္ဍာနှစ် အတွင်းတင်ပို့မှုပျောက်ကွယ်ခဲ့ပြီး ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၂၀ ရက်မှစ၍ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၁၁၅) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၁၇၉၄) BBL ၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ဒီဇယ် (၇၈၆) BBL ၊ တန်ဖိုး (၀.၉၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၉၄) ဒေါ်လာ သန်း၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ(၀.၁၂၃)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ(၀.၀၀၆)ဒေါ်လာသန်း၊  ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၁၃) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း အပါအဝင် သွင်းကုန်တန်ဖိုး (၀.၇၃၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News