ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ နိုဝင်ဘာလ (၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာပို့ကုန် (၀.၃၁၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၄၇) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၆၅) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၁၄.၇၇၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
နိုဝင်ဘာလ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈) ဒေါ်လာတို့ဖြင့် တန်ချိန် (၉၁၇) တန်၊ တန်ဖိုး (၀.၃၈၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါ သည်။
အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet Iron Pipe Artifficial Grass ၊ ပန်သီး၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၉၈.၀၀) တန်၊ တန်ဖိုး (၀.၁၂၆) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၉၂) တန်၊ တန်ဖိုး (၀.၀၈၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၀၈) တန်၊ တန်ဖိုး (၀.၁၃၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင် ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ် များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။
ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။
Source: https://commerce.gov.mm