Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ(၃၁-၁၀-၂၀၂၃)ရက်နေ့မှ (၃-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ဇီးဖြူသီးခြောက်၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။  (၃၁-၁၀-၂၀၂၃)ရက်နေ့မှ(၃-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တစ်လောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင်ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၃၁-၁၀-၂၀၂၃) ရက်နေ့မှ (၃-၁၁-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ် ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၃၁-၁၀-၂၀၂၃)ရက်နေ့မှ (၃-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ  အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၈၉.၂၉)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၀.၀၉) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်မြင့်တက်သွားပါသည်။

(၂၈-၁၀-၂၀၂၃ မှ ၃-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၀၁၇၆၇) U၊ (၀.၈၃၄) တန် (၁.၁၉၃)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၇၇.၁၇၆) ဒေါ်လာဖြင့် (၁၆၉၃.၈၀၀)တန် (၁.၁၄၇) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန် လျှင် (၁၅၄၆.၇၇၀) ဒေါ်လာဖြင့် (၅၀၂.၃၃၇)တန် (၀.၇၇၇) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁)တန်လျှင်(၃၃၂.၂၄၇)ဒေါ်လာဖြင့် (၄၀၀.၃၀၄)တန် (၀.၁၃၃)ဒေါ်လာ သန်း၊ မတ်ပဲ (၁) တန်လျှင် (၁၂၃၄.၃၇၅) ဒေါ်လာဖြင့် (၆၄.၀၀၀) တန် (၀.၀၇၉) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၇၉၀.၈၁၆) ဒေါ်လာဖြင့် (၁၉၆) တန် (၀.၃၅၁) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၀၀)ဒေါ်လာဖြင့် (၂၄.၀၀၀) တန် (၀.၀၃၆) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၁၉၉.၆၅၉) ဒေါ်လာဖြင့်(၅၇၁)တန် (၀.၁၁၄) ဒေါ်လာ သန်း၊ ငါးမျိုးစုံ  (၁) တန်လျှင် (၈၉၃.၉၉၇) ဒေါ်လာဖြင့် (၄၆.၉၈၀) တန် (၀.၀၄၂)ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း(၁)တန်လျှင် (၄၁၇၈.၀၂၀) ဒေါ်လာ ဖြင့် (၁၁) တန် (၀.၀၄၆) ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

(၂၈-၁၀-၂၀၂၃ မှ ၃-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ(၁.၈၉၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ (၀.၉၃၆) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၇၉၇)ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၃၉၉)ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ(၀.၃၂၂) ဒေါ်လာ သန်း၊ဆေးဝါးပစ္စည်းများ (၀.၄၉၇) ဒေါ်လာသန်း၊  ချည်ထည်များ (၀.၉၅၈) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၃၉၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၄၀၁) ဒေါ်လာသန်း၊ ဘတ္တရီ အခြောက် များ (၀.၃၂၀တို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၁.၄၄၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၂၈၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၇၃၄ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News