Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၃-၁-၂၀၂၄ မှ ၇-၁-၂၀၂၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဆန်ကွဲ ၁၆၂.၀၀ တန်၊ တန်ဖိုး ၀.၀၇၁ ဒေါ်လာသန်း၊ တစ်သျှူး  ငှက်ပျော ၂၉၁၂.၀၀ တန်၊ တန်ဖိုး ၁.၀၆၁ ဒေါ်လာသန်း၊ ဖရဲသီး ၂၀၇၉.၅၀ တန်၊ တန်ဖိုး ၀.၃၀၀ ဒေါ်လာသန်း၊ သခွားမွှေး ၅၇၆.၁၄၄ တန်၊ တန်ဖိုး ၀.၁၂၁ ဒေါ်လာသန်း၊ ကြံ ၇၃၅.၀၀ တန်၊ တန်ဖိုး ၀.၀၂၉ ဒေါ်လာသန်း၊ ရှောက်ကောသီး ၁၂.၉၅၀ တန်၊ တန်ဖိုး ၀.၀၁၁ ဒေါ်လာသန်း၊ ပဲယင်း ၁၃၅.၀၀ တန်၊ တန်ဖိုး ၀.၀၉၇ ဒေါ်လာသန်း၊ ပဲတီစိမ်း ၁၂၆.၁၅၀ တန်၊ တန်ဖိုး ၀.၀၇၇ ဒေါ်လာသန်း၊ စွန်တာနီ ၂၅.၀၀၀ တန်၊ တန်ဖိုး  ၀.၀၁၅ ဒေါ်လာသန်း၊ သီဟိုဠ်စေ့ ၄၇.၂၀ တန်၊ တန်ဖိုး ၀.၂၃၆ ဒေါ်လာ သန်း၊ မြေပဲဆံ ၆၆.၀၀ တန်၊ တန်ဖိုး ၀.၀၇၃ ဒေါ်လာသန်း၊ နှမ်း ၆၄.၄၉၉ တန်၊ တန်ဖိုး ၀.၀၈၉ ဒေါ်လာသန်း၊ ကြက်သွန်နီ ၈၄.၀၀ တန်၊ တန်ဖိုး ၀.၀၃၉ ဒေါ်လာသန်း၊ ငရုတ်ဆော့ ၈.၀၀ တန်၊ တန်ဖိုး ၀.၀၁၀ ဒေါ်လာသန်း၊ စက္ကူကြမ်း ၁၄.၀၀ တန်၊ တန်ဖိုး ၀.၀၀၄ ဒေါ်လာသန်းနှင့် ကော်ဖီမစ် ၁၇.၀၀ တန်၊ တန်ဖိုး ၀.၀၁၇ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

သွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း ၃၃၇၈၁၀ ခု၊ တန်ဖိုး ၀.၀၄၈ ဒေါ်လာသန်း၊ စက္ကူလိပ် ၁၉.၅၀ တန်၊ တန်ဖိုး ၀.၀၀၇ ဒေါ်လာသန်း၊ ကော်စေ့ ၃၃.၀၀ တန်၊ တန်ဖိုး ၀.၀၃၆ ဒေါ်လာသန်း၊ ဂျပ်ဖာ ၁၂၈.၈ တန်၊ တန်ဖိုး ၀.၀၄၉ ဒေါ်လာသန်း၊ ထွန်စက် ၅ စီး၊ တန်ဖိုး ၀.၀၄၅ ဒေါ်လာသန်း၊ ပီနံအိတ် ၅၂.၅၀ တန်၊ တန်ဖိုး ၀.၀၄၂ ဒေါ်လာသန်း၊ ဓါတ်ဗူး ၁၄၃၀၀ လုံး၊ တန်ဖိုး ၀.၀၁၀ ဒေါ်လာ သန်း၊ စောင် ၉၆.၅၀ တန်၊ တန်ဖိုး ၀.၀၅၃ ဒေါ်လာသန်း၊ ပန်ကာ/ Air Con ၇၃၂ ခု၊ တန်ဖိုး ၀.၀၀၉ ဒေါ်လာသန်း၊ မှင်ရည် ၃၃.၀၀ တန်၊ တန်ဖိုး ၀.၀၃၃ ဒေါ်လာသန်း၊ သံပိုက်/သံချောင်း ၈၇.၀၀ တန်၊ တန်ဖိုး ၀.၀၆၀ ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် ၁၇.၅၀ တန်၊ တန်ဖိုး ၀.၀၁၆ ဒေါ်လာသန်း၊ ကုန်စုံ ၄၉၇.၇၀ တန်၊ ၇၁၃၉၃ ခု၊ ၈၀၃၂ ရံ၊ တန်ဖိုး ၀.၅၈၂ ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက် အနေဖြင့် ၇-၁-၂၀၂၄ ရက်နေ့တွင် ၁ ယွမ် လျှင် ၄၆၅ ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News