Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀.၄၀၇၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀.၀၂၆၃ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀.၄၃၃၈ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ ၁၃၁ တန်၊ ဂျင်းခရု အရှင် ၈.၄ တန်၊ ရွှံ့ဂဏန်း အရှင် ၅.၄ တန်၊ ဂဏန်း အသေ ၀.၅ တန်၊ ရေခူဆားနယ်  ၁ တန်၊ ရေချိုပုစွန်  ၀.၁ တန်၊ ကျောက်ပုဇွန်အရှင် ၁.၀၄ တန်၊ ပုစွန်ငါးပိ ၅.၂ တန်၊ ငှက်ပျောသီး ၁၀၀ တန်၊ ငရုတ်သီးစိမ်း ၁၂၉.၀၇၇ တန်၊ ကြက်သွန်နီ ၆၈ တန်၊  ဓနိဖက် ၁၂ တန် တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး ၈၉.၅ တန်၊ ငါးသေတ္တာဘူးခွံ ၅ တန်နှင့် ကြွေပြား ၈၀၀ စတုရန်းမီတာ၊ တန်ဖိုးကန်ဒေါ်လာ ၀.၀၀၂ သန်း ဖြစ်သည်။

၇-၁-၂၀၂၄ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁ သိန်းလျှင် ၁၀၁၅ ဘတ်၊ ၁ ဘတ်လျှင် မြန်မာငွေကျပ် ၉၈.၅၂ ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News