Local News

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ အများအပြား ဝင်ရောက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာကျပြီး နယ်ပေါင်းစုံမှ လယ်ယာထွက်ကုန်သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်း များအပြင် အခြားဒေသများဖြစ်သော ပုလဲ၊ တောင်သာ၊ ညောင်ဦးနှင့် မြင်းခြံနယ်များနှင့် ယောနယ် ဒေသများမှလည်း မိုးစိုက် (ဥစိုက်) ကြက်သွန်နီများ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ် တွင် ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီ ဒိုင်ပြတ်ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ အလတ်စ တစ်ပိဿာ လျှင် ကျပ် ၂၃၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၀၀၀ ဖြင့် ကုန်ချိန်  ၁၅၀၀၀၀  မှ  ၂၀၀၀၀၀  အထိ  နေ့စဉ်ဝင်ရောက်၍  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့်  ရန်ကုန်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News