Local News

ပဲစင်းငုံဈေးဆက်တက်နေ

Last Updated:

ပြည်တွင်းပဲစင်းငုံဈေးနှုန်းများသည် ရက်အနည်းငယ် ဈေးပြန်ကျသွားပြီးနောက် တက်ဈေးဖြင့် ဆက်လက်ရပ်တည်လာကြောင်းတွေ့ရှိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ဘုရင့်နောင် ကုန်စည် ဒိုင်ဈေးနှုန်းအရ ၁ တန်လျှင် ကျပ် ၃၂၉၇၅၀၀၊ ၂၈ ရက်နေ့တွင် ကျပ်  ၃၂၈၀၀၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၃၂၅၀၀၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၃၂၂၂၅၀၀၊ နှစ်သစ်၏ အစ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျပ် ၃၂၃၅၀၀၀၊ ၂ ရက်နေ့တွင် ၃၂၇၅၀၀၀၊ ၃ ရက်နေ့တွင် ကျပ် ၃၃၁၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြည်တွင်းပဲစင်းငုံ အသစ်များဈေးကွက်အတွင်း အနည်းငယ် စတင်ဝင်လာသကဲ့သို့ အဓိကဝယ်လက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ပဲစင်းငုံအသစ် များ ဈေးကွက်အတွင်းစတင်ဝင်လာခဲ့သည်။ ပဲစင်းငုံအသစ် ဝင်လာခြင်း၊ မြန်မာပဲစင်းငုံ ဝယ်ယူတင်သွင်းခြင်းတို့ကြောင့် ပဲစင်းငုံဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသော်လည်း ပဲခွဲစက်များတွင် ပဲလက်ကျန်နည်းပါးခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲစင်းငုံဈေးနှုန်းသည်လည်း ဆက်လက်တက်မြဲတက်နေကြောင်းတွေ့ရသည်။

ဇန်နဝါရီလလယ်လောက်တွင် အိန္ဒိယအစိုးရ၏ တင်ဒါစနစ်များကြောင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ဇန်နဝါရီလ ၃ ရက်နေ့အထိ ဈေးနှုန်းထုတ်ပြန်ချက်များအရ ပဲစင်းငုံဈေးနှုန်း ဆက်လက်တက်မြဲတက်နေကြောင်း တွေ့ရှိရသည်။

Source: ဧရာဝတိုင်းဒေသကြီးဦးစီးမှုးရုံး

Category: Local News