Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁-၁-၂၀၂၄ မှ ၅-၁-၂၀၂၄ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မြစ်သားမြို့နှင့် မြင်းခြံမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ မြစ်သားရှယ် ကျပ် ၄၀၀၀ ၊ မြစ်သားလတ်ကြီး ကျပ် ၄၀၀၀၊ မြစ်သားလတ်သန့် ကျပ် ၄၀၀၀ ၊ မြစ်သားလတ်ချော ကျပ် ၃၁၀၀၊ မြင်းခြံသစ်ရှယ် ကျပ် ၃၇၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၃၅၀၀၊ မြင်းခြံလတ်သန့် ကျပ် ၂၉၀၀ နှင့် မြင်းခြံလတ်ချော ကျပ် ၂၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း မြစ်သားရှယ် ကျပ် ၅၀၀၊ မြစ်သားလတ်ကြီး ကျပ် ၅၀၀၊ မြစ်သားလတ်ချော ကျပ် ၅၀၀၊ မြင်းခြံရှယ် ကျပ် ၇၀၀၊  မြင်းခြံလတ် သန့် ကျပ် ၂၀၀ အသီးသီး ဈေးကျဆင်းခဲ့ပြီး မြင်းခြံလတ်ချော ကျပ် ၁၀၀ နှင့် ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၈၈ စီး  (၅၂၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၃၀ စီး  ( ၇၈၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်နီကားစီးရေ ၄၂ စီး ( ၂၅၂၀၀၀ ပိဿာ ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြို့တို့မှကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၂၅၀၀၊ အောင်ပန်း ထူး-၂  ကျပ် ၁၅၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၆၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၆၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၇၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။  တစ်ပတ်အတွင်း   ကြက်သွန်ဖြူများ   ဈေးငြိမ်လျက်ရှိသည်။    ယခင်အပတ်က  ကုန်စည်ဒိုင်သို့  ကြက်သွန်ဖြူအိတ် ၁၉၀၀  ( ၅၇၀၀၀ ပိဿာ )  ဝင်ရောက်ခဲ့ပြီးယခုအပတ်တွင်  ကြက်သွန်ဖြူအိတ်  ၁၆၀၀    ( ၄၈၀၀၀ ပိဿာ )ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၃၀၀ (၉၀၀၀ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။    

Source: (Domestic(Ygn) MITC

 

Category: Local News