Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲတီစိမ်းကြီး ပဲနီလုံးရိုးရိုး၊ ပဲနီလုံး ကြား၊ ပြောင်းနီ ဈေးငြိမ်၍  ပဲကြီး ဈေးနှုန်းကျဆင်းနေပြီး၊ ပဲတီစိမ်းသေး၊ ပဲစဉ်းငုံ၊ CP ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲထိုင်ဝမ်နှင့် ကုလားပဲ 929 ၊ မတ်ပဲ၊ ပဲလွန်းဖြူး၊ ပဲလွန်းပြာ ဈေးနှုန်းများ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၂၇၀၀၀)ကျပ်၊ မတ်ပဲ (၉၅၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၅၉၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၅၀၀- ၅၁၀၀၀)ကျပ်၊ ပဲစဉ်းငုံ(၁၁၂၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀-၅၄၀၀၀)ကျပ်၊ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊CP ပြောင်းဖူး စေ့ (၁၉၅၀၀)ကျပ်၊ ပြောင်းနီး (၂၅၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၉၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး (၉၉၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၇၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၉၆၅၀၀)ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၅၀၀၀)ကျပ်၊ ပဲလွန်းပြာ (၆၇၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ်ကာလတူ အချိန်ပေါက်ဈေးနှုန်းများမှာဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(၁၂၈၀၀၀)ကျပ်၊ မတ်ပဲ (၉၂၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀-၅၉၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၃၀၀၀- ၄၈၅၀၀)ကျပ်၊ ပဲစင်းငုံ (၁၀၃၄၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀- ၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၅၀၀)ကျပ်၊ ပြောင်းနီး(၂၅၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၅၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၆၀၀၀) ကျပ်၊ကုလားပဲ 929 (၉၄၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၉၃၅၀၀) ကျပ်၊ ပဲလွန်းပြာ (၆၆၀၀၀)ကျပ်၊ ပဲလွန်းဖြူ (၅၄၀၀၀-၆၅၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၁၀၀၀) ကျပ်နှုန်း ကျဆင်း၍ မတ်ပဲ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၃၀၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၃၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်း (၈၆၀၀)ကျပ်၊ ပဲလွန်းဖြူ တစ်တင်း (၁၀၀၀)ကျပ်၊ ပဲလွန်းပြာ တစ်တင်း(၁၀၀၀)ကျပ်နှုန်း  မြင့်တက်နေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News