Local News

ဧရာဝတီတို်ငးဒေသကြီး ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်ထိ တစ်လအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် ဗိုလ်ကိတ်ပဲများကို ကျုံပျော်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များမှဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ အဆိုပါ‌ဒေသထွက် ဗိုလ်ကိတ်ပဲများကို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသများသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ “ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဖေဖော်ဝါရီလထဲမှာ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက် ဗိုလ်ကိတ်ပဲတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေပါတယ်။ ကျုံပျော်မြို့နယ်က ကုန်သည်၊ ပွဲရုံလုပ်ငန်းရှင်တွေအနေနဲ့ ဒေသထွက်ဗိုလ်ကိတ်ပဲတွေ၊ စပါးတွေကို ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံးတင်ပို့ရောင်းချတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေ တင်ပို့မှုများပြားလာတော့ ကုန်သည်၊ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ လုပ်ငန်းအဆင်ပြေနေပါတယ်” ဟု ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ ကျုံ‌ပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ဗိုလ်ကိတ်ပဲများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News