International News

Can Cham Cambodia သည် ပြည်တွင်း SME ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ မြှင့်တင်ရန် စီစဉ်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံရှိ Canadian Chamber of Commerce (CanCham) သည် နိုင်ငံခြားဈေးကွက်များတွင် ကမ္ဘောဒီးယား အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME) ထုတ်ကုန်များ မြှင့်တင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ဖြန့်ကျက်ထားသော ကွန်ရက်များကို အသုံးပြုမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးထိပ်သီးအစည်းအဝေး ၂၀၂၅ တွင် Victor La က ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား  SMEs ထုတ်ကုန်များနှင့် ၎င်းတို့၏ ထုတ်ကုန်များကို ကနေဒါနိုင်ငံ၏ ဈေးကွက်တွင်သာမက အာဆီယံနှင့် အခြားနိုင်ငံများ၏ ဈေးကွက်များ အထိမြှင့်တင်ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။ (SME) ထုတ်ကုန်များ မြှင့်တင်ခြင်း အခန်းကဏ္ဍသည် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည့် အခွင့်အလမ်းများကိုရှာဖွေပြီး SME ထုတ်ကုန်များနှင့် ကမ္ဘောဒီးယား ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် မြှင့်တင်နိုင်စေနိုင်ကြောင်းထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံအတွင်း လည်ပတ်နေသော ကနေဒါကုမ္ပဏီအရေအတွက်သည် လာမည့်နှစ်များအတွင်း မြင့်တက်လာနိုင်ကြောင်းနှင့် ကနေဒါသည် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ် နည်းပညာများတွင် ကျွမ်းကျင်မှုရှိပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမို ကောင်းမွန်နိုင်ကြောင်း Victor La က ထပ်လောင်းပြောကြားခဲ့သည်။

Source: https://www.doca.gov.mm

Category: International News