Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(၄-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၄-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၀၆)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၈၈၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၇၉၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္တု (၂၇၁.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၉၇)သန်း၊ ငါးရှဉ့် (၃၃.၄၈၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၂၁)သန်း၊ ကဏန်း(၂၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၅) သန်း၊ ပုဇွန်ခြောက်(၁၄.၄၇၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၇)သန်း၊ သီဟိုဠ်စေ့ (၁၅.၈၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၈)သန်း၊ ကြက်သွန်နီ (၂၀၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ဝါဂွမ်း(၃၂.၂၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၇)သန်း၊ ကြက်ဆူစေ့ (၉၇.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၉) သန်း၊ အမဲသားခြောက် (၂၀.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၆)သန်း၊ အမဲဝမ်းတွင်းသား(၅၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၂) ဒေါ်လာသန်းတို့ ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာအဆောက်အဦဆောက်လုပ်ရေးသုံးသံဖရိန် ကန်ဒေါ်လာ (၀.၀၉၅)သန်း၊ ဓာတ်ဆီတန်ဖိုးကန်ဒေါ်လာ (၀.၀၉၄) သန်း၊ သွပ်ပိုက်လုံးတန်ဖိုးကန်ဒေါ်လာ (၀.၀၈၇) သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများတန်ဖိုး ကန်ဒေါ်လာ (၀.၀၈၅) သန်း၊ သစ်သားဖိစက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်းသွပ်လိပ်တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇) သန်း၊ ပလပ်စတစ်ပြားအလိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆) သန်း၊ သံမဏိပြားတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်း၊ အလူမီနံယံတံခါး ဖရိန်တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်း၊ ဘိုထိုင်အိမ်သာခွက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၄) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၄.၆၀၂) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၆.၂၉၅)သန်း၊ ကုန်သွယ်မှုတန်ဖိုးကန်ဒေါ်လာ (၁၀.၈၉၇)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၁၅၆)ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။

          (၄-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအားခဲသွပ်အရောသတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၇၂၇.၃၀၀)နှုန်း၊ ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၃၆၂၁.၁၃၆)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၄၂.၉၄၅)နှုန်း၊ ‌ပုဇွန်ခြောက်(၁) တန်လျှင် အမေရိကန်ဒေါ်လာ(၆၀၀၀.၀၀၀)နှုန်း၊ သီဟိုဠ်စေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၂၀.၁၃၅)နှုန်း၊ ကြက်သွန်နီ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၁.၄၅၀)နှုန်း၊ ဝါဂွမ်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၅၂.၅၇၀)နှုန်း၊ ကြက်ဆူစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၀၅.၀၆၆) နှုန်း၊ အမဲသားခြောက်(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၈၀၀.၀၀၀)နှုန်း၊ အမဲဝမ်းတွင်းသား(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၆၅၀.၀၀၀)နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News