Local News

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ထိ ့ပို့ကုန် သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄)တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ငါးမှုန့်တစ်တန်လျှင် (၉၁၂)ဒေါ်လာနှုန်းဖြင့် (၃၀၀)တန်၊ တန်ဖိုး(၀.၂၇၄) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၉၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News