Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

ဇူလိုင်လဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀) ခန့် ဝင်ရောက် လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၁၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၅၀-၁၈၀၀) ကျပ်၊ (သေး) (၁၆၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ်မှု တည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၃၀၀- ၂၂၀၀)ကျပ်၊ (လတ်) (၂၁၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၈၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၈၀၀၀-၉၂၀၀)ကျပ်၊ (ရှမ်းစ) (၇၀၀၀-၈၀၀၀)ကျပ်၊ ကြူကုတ် (၇၀၀၀-၈၀၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၈၅၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၇၅၀၀-၈၅၀၀)ကျပ်၊ ကြူကုတ် (၇၃၀၀-၈၂၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

Category: Local News