Local News

မန္တလေးကုန်စည်ဒိုင် နှမ်းဈေးနှုန်း‌ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဇူလိုင်လပထမပတ်အတွင်း ကျောက်ဆည်နယ်ဘက်မှ ဂျပန်နှမ်းဖြူနှင့် ရိုးရိုးနှမ်းဖြူများ ဝင်ရောက်နေပြီး အရောင်းအဝယ်များသွက်၍ ‌ဈေးကောင်းရနေကြောင်း တရုတ်လိုင်း၊ ရန်ကုန်လိုင်း အဝယ်သွက်နေသောကြောင့် ဂျပန်နှမ်းဈေးမြင့် တက်လာပြီး၊ နှမ်းနက်(စမုံ) နှင့် နှမ်းညို ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၅၀၀၀ မှ ၃၇၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၃၅၀၀၀ မှ ၃၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ၊ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၅၀၀၀ မှ ၃၅၀၀၀၀၊  ယခင်တစ်ပတ် ကျပ် ၃၄၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လကျပ် ၃၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၉၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၉၀၀၀၀၊ ယခင်လကျပ် ၃၀၃၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀  နိမ့်ကျလာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၂၅၀၀၀ မှ ၃၄၅၀၀၀၊ ယခင်လကျပ်  ၃၂၀၀၀၀ မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မှ ၁၀၀၀၀၊ ယခင်လထက် ၅၀၀၀ မှ ၂၀၀၀၀ နိမ့်ကျလာသည်။

Category: Local News