Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့ထိကုန်ပစ္စည်းအမယ် လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

     ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃)ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၃၀၀) တန်၊ တန်ဖိုး (၁၀၃၀၂၇.၆၁၀) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။ အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀)ဒေါ်လာ ဖြင့်တန်ချိန် (၄၂၄) တန်၊ တန်ဖိုး (၁၄၉၉၉၃.၂၁) ဒေါ်လာ၊ Hollow Pipe ဈေးနှုန်း တစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၅.၀၀၀) တန်၊ တန်ဖိုး (၃၂၈၁.၄၇) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၃.၆၀၀) တန်၊ တန်ဖိုး (၂၃၆၂.၆၅) ဒေါ်လာ၊ Iron Nail ဈေးနှုန်းတစ်တန်လျှင် (၆၆၀) ဒေါ်လာဖြင့် တန်ချိန် (၆.၀၀၀) တန်၊ တန်ဖိုး (၃၉၃၇.၇၆) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၄.၀၀၀) တန်၊ တန်ဖိုး (၁၆၁၀၅.၇၁) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၆.၄) တန်၊ တန်ဖိုး (၂၇၂၁.၂၄) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2)လျှင် (၃.၈) ဒေါ်လာဖြင့်(၂၄၀၀) M2၊တန်ဖိုး (၉၁၄၅.၆၆၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိသည်။

      ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်သည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News