Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိ ရာ (၁-၈-၂၀၂၃)ရက်နေ့မှ (၄-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးရှဉ့်၊ငါးခွေးလျာတို့အပြင် ဂေါ်ဖီထုပ်၊ ချင်း၊ နှမ်းညို၊ ငရုတ်၊ ကွမ်းသီး၊ CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။ (၁-၈-၂၀၂၃) ရက်နေ့မှ (၄-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP ၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ နှမ်းညို၊ ချင်း၊ ကွမ်းသီး၊ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

     ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

     သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါး၊ Packing Materials၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ Garment ၊ ဓါတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊  ငါးဖမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။ (၁-၈-၂၀၂၃ မှ၄-၈-၂၀၂၃) ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ CMP၊ Garment ၊ ဓါတ်မြေဩဇာ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ယန္တရားစက် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင် (၉၇.၀၉)ရှိပြီး ယခုအပတ်တွင် (၉၆.၁၅) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်ကျခဲ့ပါကြောင်းနှင့် ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

     (၂၉-၇-၂၀၂၃ မှ၄-၈-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၂၈၄.၃၂၇)ဒေါ်လာဖြင့် (၁၈၁၄၄.၅၉၀)တန် (၅.၁၅၉)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၀.၃၈၈)တန်(၁၆၅၇၈၁.၀၀) (U)ဖြင့် (၁.၁၃၇) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၁၃.၅၆၂)ဒေါ်လာဖြင့် (၁၆၅၉)တန်(၀.၈၅၂)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်း (၁)တန်လျှင် (၁၄၂၀) ဒေါ်လာဖြင့် (၁၅၀)တန် (၀.၂၁၃) ဒေါ်လာသန်း၊ ငရုတ်သီး (အစို) (၁)တန်လျှင် (၆၈၃.၅၀၉) ဒေါ်လာဖြင့် (၅၆၉.၁၂၂)တန် (၀.၃၈၉) ဒေါ်လာသန်း၊ ငရုတ်သီး (ခြောက်) (၁) တန်လျှင် (၁၆၇၃.၅၃၂) ဒေါ်လာဖြင့် (၃၈.၈၄၀) တန် (၀.၀၆၅) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၂၀၄.၉၁၈)ဒေါ်လာဖြင့် (၂၄၄)တန် (၀.၀၅၀)ဒေါ်လာသန်း၊ ငါးမျိုးစုံ(၁)တန်လျှင် (၁၃၆၀.၁၅၈) ဒေါ်လာဖြင့် (၁၇.၆၄၅)တန် (၀.၀၂၄) ဒေါ်လာသန်း၊ နှမ်းညို (၁)တန်လျှင် (၁၅၄၈.၃၈၇) ‌ဒေါ်လာဖြင့် (၃၁)တန် (၀.၀၄၈) ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (၁၅၁၂.၅၀၀)‌ဒေါ်လာဖြင့် (၈၀)တန် (၀.၁၂၁)ဒေါ်လာသန်းတို့ဖြစ်သည်။

     (၂၉-၇-၂၀၂၃ မှ ၄-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၄.၃၄၁)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၁.၁၃၈) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၄၃) ဒေါ်လာသန်း၊ ‌လေအေးစက်များ (၀.၇၅၄) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၄၈၉) ဒေါ်လာ သန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၄၇၅) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၄၁၉) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၄၁၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၃၉၄) ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၆၃၃) ဒေါ်လာသန်း တို့ဖြစ်ပါသည်။ သွင်းကုန်ကားခ (ကုန်စုံပစ္စည်း) အနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂) ဘီးယာဉ်၏ ကုန်ကျစ်(၁) ပိဿာ စျေးနှုန်း မှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ် (၁)ပိဿာစျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၇၀)ကျပ်ရှိသည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၄) ရက်ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၄.၂၂၈) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၂.၀၀၈) ကန်ဒေါ်လာသန်းတို့ဖြစ်သည်။

Source: https://commerce.gov.mm

Category: Local News