Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၂၉) ရက်နေ့မှ သြဂုတ်လ(၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလထက် (၀.၁၉၄) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့မှ သြဂုတ်လ(၄) ရက်နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၆၇၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၁.၃၁၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၉.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၆၁၁) စီး၊ သွင်းကုန် (၁၅၃၆) စီး ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်အပတ် ၂၀၂၃ ဇူလိုင်လ (၂၂) ရက်နေ့မှ ( ၂၈ ) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၉.၉၂၈) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၉.၈၆၂) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၉.၇၉၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၂၅၅) ဒေါ်လာသန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်တန်ဖိုး (၁.၄၉၉) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းကြောင်း ကုန်သွယ်မှုမမာဏအနေဖြင့် (၀.၁၉၄) ဒေါ်လာသန်း ​ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

     တင်ပို့သည့် ပို့ကုန်အမည်များအနက် ရော်ဘာ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း၊ ပဲနီကြား၊ ချင်းအစို ယခင်းတစ်ပတ်အောက် လျော့နည်းတင်ပို့သဖြင့် (၁.၂၅၅)ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။ တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းများ၊ လေအေးပေးစက်များ ပိုမိုတင်သွင်းခဲ့သော်လည်း၊ လယ်ထွန်စက်အပို ပစ္စည်း၊ စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဝါယာကြိုးများ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက် (၁.၈၀၄) ဒေါ်လာသန်း လျော့နည်းခဲ့သည်။

     လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတ်ဆေးဆိုးဆေးများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ချည်ခင်များ၊ တာယာနှင့်ကျွတ်များ ယခင်တစ်ပတ်အောက် လျော့နည်းတင်သွင်းခဲ့သော်လည်း ဓါတုဗေဒပစ္စည်းများ၊ သားရေတုပြုလုပ်သောပစ္စည်းများ၊ အခြားပစ္စည်းများ၊ ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက်(၂.၁၉၄) ဒေါ်လာသန်း တန်ဖိုး ပိုမိုခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ချည်ထည်၊ အပ်ချည်ကြိုးများ လျော့နည်းတင်သွင်းခဲ့သော်လည်း  အချိုမှုန့်၊ မိဖိုချောင်သုံးပစ္စည်းများ၊ ဘထ္ထရီခြောက်၊ ဆေးဝါး၊ ပရိဘောဂ၊ ဇာနှင့် ဇာနှင့်ထိုးထားသော အထည်အလိပ်များ၊ အခြားပစ္စည်း တင်သွင်းမှုမိုပိုခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၁.၀၅၉) ဒေါ်လာသန်း တန်ဖိုးပိုမိုခဲ့သည်။

    ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်( ၁၀ )မျိုးမှာ ရော်ဘာ(၁၈၃၈.၅၀၀)တန်၊ (၂.၂၇၅)ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၈၃၃.၆၄၃)တန်၊ (၂.၀၄၈)ဒေါ်လာသန်း၊ ပဲယင်း( ၁၈၇၅.၇၀၀ )တန်၊ (၁.၅၀၆)ဒေါ်လာသန်း၊ မြေထောက်ပဲ  (၅၂၇.၀၀၀) တန်၊ (၀.၇၇၈)ဒေါ်လာသန်း၊ ဆန်ကွဲ  (၁၅၄၅.၃၅၀တန်၊ (၀.၅၅၅)ဒေါ်လာသန်း ၊ ထောပတ်ပဲ (၄၇၄.၆၄၁)တန်၊ (၀.၅၁၈)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၄၀၁.၂၅၀) တန်၊ (၀.၂၃၉)ဒေါ်လာသန်း၊ ရာဘာကြမ်း (၂၃၉.၅၀၀)တန်၊ ( ၀.၁၉၄)ဒေါ်လာသန်း၊ နှမ်းနက် (၈၄.၀၀၀)တန်၊ (၀.၁၃၃ ဒေါ်လာသန်း)၊ CMP  (၂၂၁၆၂)U ၊ (၀.၁၁၅) ဒေါ်လာသန်းဖြစ်သည်။

   ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၆.၆၂၄) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၈၄)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၂.၁၃၁)ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၁၈၃)ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၀.၉၄၅ )ဒေါ်လာသန်း၊ ဘတ္ထရီခြောက်များ (၀.၇၄၇) ဒေါ်လာသန်း၊  စက်နှင့်စက်ပစ္စည်းများ (၀.၇၁၇)ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း(၀.၆၃၆) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၅၆၀) ဒေါ်လာသန်းဖြစ်သည်။

        ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန် များ၏(၁)တန်ဈေးနှုန်းမှာ  ဆန်(၃၂၀၀)ယွမ်းနှုန်း၊ ဆန်ကွဲ(၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း၊ နှမ်း (၁၂၀၀၀) ယွမ်းနှုန်း၊ ရာဘာ(၈၀၀၀)ယွမ်နှုန်း၊ ငရုတ်(အစို)(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀)နှုန်း ရှိကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များာ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News