Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂-၈-၂၀၂၃) မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၃၀၂.၂၅) တန်၊ တန်ဖိုး(၀.၁၃၇)ဒေါ်လာသန်း၊ ဆန်ကွဲ (၅၇.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပြောင်း  (၃၄.၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ရော်ဘာ(၁၉၈.၀၀)တန်၊ တန်ဖိုး (၀.၂၅၈) ဒေါ်လာ သန်း၊ Aluminiun Ingot (၂၉.၉၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

     ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင်(၃၁၀)ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀)ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၃၀၀)ဒေါ်လာ၊ Aluminium Ingot တစ်တန်လျှင် (၁၇၅၂)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဓါတ်မြေဩဇာ (၁၂၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၂) ဒေါ်လာသန်း၊ စက္ကူလိပ်(၇.၀၀)တန်၊ တန်ဖိုး(၀.၀၀၂)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်း (၆၅၅၆၈၀)U၊ တန်ဖိုး (၀.၁၅၃) ဒေါ်လာသန်း၊ ပိတ်လိပ် (၁၁၄.၄၀) တန်၊ တန်ဖိုး(၀.၀၆၇)ဒေါ်လာသန်း၊ ဘက်ထရီ(၅၉၀) U၊ တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ ကော်စေ့(၂၇.၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ပီနံအိတ်(၂၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ချည် (၂၃.၅၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၄၁.၅၀) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ PVC တံခါး (၇.၀၀) တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ PVC ပိုက်(၅.၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ကုန်စုံ (၁၇၉.၃၄)တန်၊ (၃၅၀၁)U၊ တန်ဖိုး (၀.၂၂၁) ဒေါ်လာသန်းတို့ အများဆုံး တင်သွင်းနိုင်ခဲ့သည်။

     သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀)ဒေါ်လာ၊ ချည်တစ်တန်လျှင် (၆၅၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇) ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင်(၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ (၅၀၀၀၀၀)ကျပ် နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

      ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊  ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား  ဗန်းမော် -  မိုးမောက် (ကျောက်စခန်း)  - စိန်လုံ -  လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း) -ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။ ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁-၈-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင် (၄၄၅)ကျပ် ဖြစ်ခဲ့ပြီး ၆-၈-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးကျခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News