Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၇၉) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၇) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၄၀.၄၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ရွှံ့ကဏန်း (အရှင်) (၄.၇၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၁) သန်း၊ ကဏန်း(အသေ) (၀.၉၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁)သန်း၊ ဂျင်းခရု (အရှင်)(၁၈.၈၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၈၃)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၆)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၁၂၃)သန်း၊ ငရုတ်သီးစိမ်း (၁.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ဆီအုန်းကြိတ်ဖတ် (၁၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉)သန်း၊ ကြက်သွန်နီ (၈၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃၄) သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကြွေပြား (၁၆၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၄) သန်း ဖြစ်သည်။

      မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၂၃၅.၁၈) ဒေါ်လာနှုန်း၊ (၄၀.၄၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ရွှံ့ကဏန်း (အရှင်) (၃၈၁၀.၅၃) ဒေါ်လာနှုန်း၊ (၄.၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈၁) သန်း၊ ကဏန်း (အသေ) (၁၁၅၇.၈၉)ဒေါ်လာနှုန်း၊ (၀.၉၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ဂျင်းခရု(အရှင်) (၁၅၀၁.၃၃)ဒေါ်လာနှုန်း၊ (၁၈.၈၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၂၈၃)သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၇၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၁၅၆)သန်း၊ ငှက်ပျောသီး(၃၀၇.၅) ဒေါ်လာနှုန်း၊(၄၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၂၃) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာနှုန်း၊(၁.၅) တန်၊ ကန်ဒေါ်လာ (၀.၀၀၁၂) ဒေါ်လာသန်း၊ ဆီအုန်းကြိတ်ဖတ် (၉၀) ဒေါ်လာနှုန်း၊ (၁၀၀)တန်၊ ကန်​ဒေါ်လာ (၀.၀၀၉)သန်း၊ ကြက်သွန်နီ (၅၁၀.၅၉) ဒေါ်လာနှုန်း၊ (၈၅)တန်၊ ကန်​ဒေါ်လာ (၀.၀၄၃၄)သန်း ဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာ - သစ်သီး (၂၈၀) ဒေါ်လာနှုန်း၊ (၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄) သန်း၊ ငါးသေတ္တာ ဘူးခွံ(၂၄၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား (၁)M2၏ ဈေးနှုန်းမှာ (၃.၃၇၅)ဒေါ်လာနှုန်း၊ (၁၆၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၄) သန်း ဖြစ်သည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

     မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၅-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News