Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၃၅၅)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၄၀၀)သန်း၊ သွင်းကုန်တန်ချိန် (၂၉၉)၊ (-)U၊ (၁၆၇၆) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၃၂၇)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂၇ သန်း ဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်းတန်ချိန် (၁၅၀.၀၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၄၆၀၀၀)၊ (၁) (၁)တန်စျေးနှုန်း (၁၁၈၀)အမေရိကန်ဒေါ်လာ၊ ရေကြည်ငါး တန်ချိန် (၆.၃၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၃၀၁.၆၀)၊ (၁)တန်စျေးနှုန်း (၁၆၃၀)အမေရိကန် ဒေါ်လာ၊ ကဗျက်တန်ချိန် (၅၅.၀၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃၃၀၇.၅၀)၊ (၁)တန်စျေးနှုန်း (၁၁၅၀) အမေရိကန်ဒေါ်လာ၊ တာဝမ်တန်ချိန် (၁၄၈.၆၁)၊ (၁၁.၄၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၈၁၂. ၈၀)၊ (၁)တန်စျေးနှုန်း(၁၁၂၀)အမေရိကန်ဒေါ်လာ၊ ဘေးဝါ တန်ချိန်(၆၂.၄၆)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၅၉၃၃၇.၀၀)၊ (၁)တန်စျေးနှုန်း(၉၅၀)အမေရိကန် ဒေါ်လာ၊ တူးခက်တန်ချိန် (၆၀.၂၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၂၀၄.၀၀)၊ (၁)တန်စျေးနှုန်း (၈၅၀) အမေရိကန် (၇.၇၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၃၈၂.၄၀)၊ (၁)တန်စျေးနှုန်း(၂၂၄၀) အမေရိကန်ဒေါ်လာ၊ ပုစွန် တန်ချိန် (၆.၆၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆၄၁၀.၀၀)၊ (၁)တန် ဈေးနှုန်း(၅၅၀၀) အမေရိကန် ဒေါ်လာတို့ဖြစ်ပါသည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ်ဆီတန်ချိန် (၂၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၁၀၀၀)၊ (၁) တန်ဈေးနှုန်း (၈၀၅) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီ တန်ချိန်(၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ ပီလောပီနံမှုန့် တန်ချိန် (၂၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၀၀၀)၊ (၁) တန်ဈေးနှုန်း (၅၂၅) အမေရိကန်ဒေါ်လာ၊ ကန့်တန်ချိန်(၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၀၀၀)၊ (၁) တန်ဈေးနှုန်း (၃၀၀) အမေရိကန်ဒေါ်လာ၊ ငါးဖမ်းပိုက်တန်ချိန် (၇)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၀၀၀)၊ (၁)တန်ဈေးနှုန်း(၁၀၀၀) အမေရိကန် ဒေါ်လာတို့ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

     ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှု ကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၇-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၄၂) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၆.၀၀) ကျပ်ခန့် (၆-၈-၂၀၂၃)နှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၁၅၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News