Local News

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထွက်ရှိမှု

Last Updated:

မွန်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရော်ဘာစိုက်ဧက (၅၀၆၄၄၄) ဧကရှိရာအစေးလှီး ဧက (၃၄၈၃၉၄) ဧကတွင် တစ်ဧက အထွက်နှုန်း (၁၅၅.၃၇) ပေါင် စိုက်ပျိုးထွက်ရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧကမှာ (၅၀၄၉၈၈) ဧကဖြစ်သဖြင့် (၁၄၅၆) ဧက တိုးချဲ့စိုက်ပျိုးလာခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(ပထမပတ်)တွင် RSS-3 တစ်ပေါင်လျှင် ကျပ်(၁၆၂၀)၊ RSS-5 တစ်ပေါင်လျှင် ကျပ် (၁,၆၀၀) ဈေးနှုန်းရှိပြီး ၉.၁၀.၂၀၂၃ ရက်နေ့တွင် RSS-3 တစ်ပေါင်လျှင် ကျပ် (၁,၇၀၀)၊ RSS-5 တစ်ပေါင်လျှင် ကျပ် (၁,၆၃၀)ဈေးနှုန်းရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေ ဖြင့် ကျပ် (၅၁၂,၇၀၀) (ရာခိုင်နှုန်း အနေဖြင့် ၅၃%) ကျော် ရရှိသည့်အတွက် ယခုနှစ်တွင် အကျိုးအမြတ် အနည်းငယ် ပိုမိုလာကြောင်းသိရသည်။

Source: https://commerce.gov.mm

Category: Local News