Local News

မိုးနေကြာများ အောင်မြင်စွာ စိုက်ပျိုးပြီးစီး

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့် နှမ်းသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးကြ ကြောင်း၊ ခရိုင်အတွင်း မိုးနေကြာ စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၈၉၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၂၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၃၆၀) ဧက၊ စုစုပေါင်း စိုက်ဧက (၄၇၇၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မိုးနေကြာစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၃၀,၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ နေကြာသီးနှံမှာ သက်တမ်းတိုမျိုးဖြစ်သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး မိသားစု ဝင်ငွေတိုးသည့်အပြင် စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ အများဆုံး စိုက်ပျိုးလာကြကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News