Local News

မုံရွာမြို့နယ် ကွမ်းဈေးနှုန်း တည်ငြိမ်လျက်ရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် စက်တင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၁,၇၀၀ မှ ၂,၀၀၀ ဈေးနှုန်းရရှိပြီး အောက်တိုဘာလ (ပထမပတ်) တွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂,၀၀၀-၂,၂၀၀ နှုန်းဖြင့် ရောင်းချရကြောင်း၊ မိုးရာသီတွင် အထွက်နှုန်းများပြီး ဈေးကွက်အတွင်းကုန်ဝင်ရောက်မှုများပြားကာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွမ်းစိုက် တောင်သူများထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News