Local News

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၄-၁၀-၂၀၂၃ မှ ၈-၁၀-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၆၆.၀၀) တန်၊ ဆန်ကွဲ (၆၈.၀၀)တန်၊ ပြောင်း (၁၅၀.၀၀) တန်၊ ‌ရော်ဘာ (၁၆၃.၀၀)တန်နှင့် ဇီးစေ့လောင်စာတောင့် (၂၄.၆၀) တန် တင်ပို့နိုင်ခဲ့သည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာဖြစ်သည်။ ယခုအပတ်အတွင်း ဆေးဝါးပစ္စည်း (၁၇၇၇၈၀) ခု ၊ တာယာ (၂၁) ခု ၊ ပိတ်လိပ် (၅၆.၆၀) တန်၊ ထွန်စက် (၂) စီး ၊ ပီနံအိတ် (၂၇.၁၀) တန်၊ ချည် (၁၄.၁၀) တန်နှင့် ကုန်စုံ (၁၉.၀၀) တန် တင်သွင်းနိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက် တစ်စီးလျှင် (၆၀၀) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇) ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။ လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက် အနေဖြင့် ၈-၁၀-၂၀၂၃ ရက်နေ့မှာတွင် (၁) ယွမ်လျှင် (၄၄၈) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News