Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၆)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၄၄၅၈)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၅၉) တန်၊ ဇီးဖတ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၃၆)တန်၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၄၃)တန်၊ ငါးမြစ်ချင်း (၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀) နှုန်းဖြင့် (၁၁၉.၀၄)တန်၊ ငါးမြစ်ချင်း (၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀) နှုန်းဖြင့် (၁၂၂.၅၉၂) တန်၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၃၂၀) နှုန်းဖြင့် (၆၈.၈၃၂)တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀) နှုန်းဖြင့် (၁၂.၆၂၄)တန်နှင့် ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၄၀၀) နှုန်းဖြင့် (၇.၃၉၂)တန်တို့ကို တင်ပို့နိုင်ခဲ့သည်။

ဒေသငွေလဲနှုန်း အနေဖြင့် (၁) ဒေါ်လာလျှင် (၁၁၆.၅)တာကာနှင့် (၁) တာကာလျှင် (၂၈.၂၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။  

Source: https://commerce.gov.mm

Category: Local News