Local News

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်ဌေးက ပြောပြ၍ သိရသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက မတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက် ပဲတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ မတ်ပဲတွေကို ပြည်ပဈေးကွက်က ပြန်လည်ဝယ်ယူမှု အားကောင်းလာတာကြောင့် ရန်ကုန်ဘက်ကလဲမှာယူမှု အားကောင်းလာတာဖြစ်ပါတယ်။ ဒေသထွက်ပဲတွေ၊ စပါးတွေကို ဒီဘက်ကုန်သည်ပွဲရုံလုပ်ငန်းရှင်တွေက ရန်ကုန်မြို့ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ အခုပြည်ပဈေးကွက်က တော်တော်လေး အဝယ်လိုက်လာပါတယ်” ဟု သိရသည်။ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် မတ်ပဲ ၁၆ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါမတ်ပဲများ ဈေးကောင်းရရှိခြင်းနှင့် ဝယ်ယူမှု အားကောင်းလာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News