Local News

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် စိုက်ပျိုးဝင်ငွေတိုး

Last Updated:

ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ ရှမ်းစုကျေး ရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် အပိုဝင်ငွေရရှိရန်အတွက် ဂေါ်ဖီထုတ် (ခေါ်)မုံလာ ထုတ်ကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြကြောင်း သိရသည်။

ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ပင် စိုက်ပျိုးရာတွင် ဒေသ၏ ရေ၊ မြေ၊ ရာသီဥတု နှင့် ကိုက်ညီ သည့် မျိုးကိုစိုက်ပျိုးကိုသာ စိုက်ပျိုးသင့်ကြောင်း၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ပင် စိုက်ပျိုးသည့် မျိုးမှာ သရဖူမျိုးဖြစ်ပြီး မျိုးစေ့ကိုအရင်ပျိုးထားရပြီး ပျိုးပင်သက် (၁)လအကြာတွင် စိုက်ပျိုး နိုင်ပါကြောင်း၊ စိုက်ပျိုးရာတွင်(၁)ပင်နှင့် (၁)ပင်ခြား (၁၆)လက်မခြား၍ ဒီဇင်ဘာလတွင် စိုက်ပျိူးရပြီး  မတ်လတွင် စတင်ခူးဆွတ်‌ ရောင်းချရပါကြောင်း၊ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ပင်ကို တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးရပြီး ဧကဝက် အပင်ရေ (၄၀၀၀) ခန့်စိုက်ပျိုးနိုင်ပါကြောင်း၊ စိုက်ပျိုးပြီး တစ်ပတ်တစ်ကြိမ် ရေးသွင်းပေးရပါကြောင်း၊ မြေပြုပြင်ခြင်း၊ ရေသွင်းခြင်း၊  သွင်းအားစု ထည့်ခြင်း၊ ‌အလုပ်သမားငှားရမ်းခြင်းစသည့်  စုစုပေါင်းကုန်ကျစရိတ်အ‌နေဖြင့် (၁၅)သိန်းခန့် ကုန်ကျကြောင်း၊ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ်အပင်အ‌ရေအတွက်(၄၀၀၀) ဖြစ်သည့်အတွက် ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အထုတ် (၄၀၀၀)ထွက်ရှိမည်ဖြစ်ပြီး ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီး  (၁)ထုတ်လျှင် ပျမ်းမျှ(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရလျှင် သိန်း(၈၀)ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့်  သိန်း(၆၀)ခန့်ရရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ယခု မတ်လ ပထမအပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ဂေါ်ဖီထုတ် (ခေါ်) မုံလာထုတ် ဈေးနှုန်းအနေဖြင့် ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အထုတ်ကြီး တစ်ထုတ်လျှင် (၃၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အထုတ်လတ် တစ်ထုတ်လျှင် (၃၀၀၀)ကျပ်နှင့် ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အထုတ်သေး တစ်ထုတ်လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အ‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

Source: https://www.doca.gov.mm

Category: Local News