မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၀၀၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃၃၀၅၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၃၀၂၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၄၃၀၀၀၊ မတ်ပဲSQ/RC(2024 Crop)ကျပ် ၄၈၀၀၀နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကျပ် ၈၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ ကွန်တိန်နာ ၁၆၅ လုံး (တန်ချိန် ၃၉၆၀)နှင့် ပဲစင်းငုံ Red/ RC(2024 Crop)ကွန်တိန်နာ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၅၅ လုံး (တန်ချိန် ၁၃၂၀) လျော့နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၅၅ လုံး (တန် ချိန် ၁၃၂၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၀၀၀၊ မြားနီ ကျပ် ၆၅၀၀၊ ပန်းတနော်ရှည် ကျပ် ၃၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၅၀၀၀ နှင့် မိုးထောင်မြစ်ဝပု ကျပ် ၁၀၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ပန်းရဲငရုတ် (သစ်) AC ကျပ် ၃၀၀၀၊ မြားနီ ကျပ် ၂၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၂၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်သီး များဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၉၅၀၀ (၁၉၀၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၉၀၀ (၁၃၅၀၀ ပိဿာ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၈၇၀၀ (၁၇၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ငရုတ်ရှည်အိတ်ပေါင်း ၈၀၀ (၁၆၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း၂၀၀ (၃၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၅၈၀၀၊ မန်ကျည်းအသား(သစ်) ကျပ် ၈၀၀၀ နှင့် မန်ကျည်းသီး (ရမည်း သင်းဒါးဇင်း) ကျပ် ၅၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ် လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၇၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၃၀၀၊ ပခုက္ကူကြမ်း ကျပ် ၇၁၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၈၅၀၀၊ ကြံသကာ ကျပ် ၅၄၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၁၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၅၀၀ နှင့် ကြံသကာ ကျပ် ၄၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၆၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၆၀၀၊ မြစ်သား သစ်ရှယ် ကျပ် ၂၈၀၀၊ မြစ်သား လတ်ကြီး ကျပ် ၂၉၀၀၊ မြစ်သားလတ်သန့် ကျပ် ၂၈၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၁၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၃၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၅၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ ၊ မြစ်သားသစ်ရှယ် ကျပ် ၁၀၀၊ မြစ်သားလတ်ကြီး ကျပ် ၁၀၀ မြစ်သားလတ်သန့် ကျပ် ၂၀၀ နှင့် မြစ်သားလတ်ချော ကျပ် ၂၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ ဈေး မြင့် တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၆၅ စီး (၉၉၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၂၀၅ စီး (၁၂၃၀၀၀၀ ပိဿာ) ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၄၀ စီး (၂၄၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ ကြောင်းသိရသည်။
ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်) ကျပ် ၁၁၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၀၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်(ရှယ်) ကျပ် ၁၅၀၀ ဈေးမြင့်တက်ခဲ့ပြီး အောင်ပန်း ထူး-၂ ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၂၀၀၀နှင့် အောင်ပန်းထူး- ကျပ် ၂၅၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၂၈၀၀ (၈၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကြက်သွန်ဖြူအိတ်၂၈၀၀ (၈၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှအာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ တရုတ်အာလူး ကျပ် ၃၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တရုတ်အာလူး ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင် အပတ်က ကားစီးရေ ၃၁ စီး (၁၈၆၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၂၇ စီး (၁၆၂၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၄ စီး (၂၄၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)