၂၀၂၅ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများမှာ မုဒုံမြို့နယ် ရော်ဘာ R.S.S-3 (မှိုင်းခံပြား)တစ်ပေါင် ကျပ် ၃၁၅၀၊ နေလှန်း ပြား (အလွတ်)တစ်ပေါင် ကျပ် ၃၁၅၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းများမှာ ပဲတီစိမ်း (အသစ်) ကျပ် ၉၅၀၀၀၊ မတ်ပဲ ကျပ် ၉၆၅၀၀၊ ပဲလွန်းဖြူ ကျပ် ၇၈၀၀၀၊ ဘိုကိတ် ကျပ် ၇၈၀၀၀၊ ပဲပုတ်(အသစ်) ကျပ် ၁၂၅၀၀၀၊ မြေပဲ ၁၆၆၀၀၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်းမှာ ငါးဒန် ကျပ် ၄၇၀၀၊ ငါးခုံးမ ကျပ် ၄၅၀၀၊ ငါးကြင်း ကျပ် ၉၄၀၀၊ တီလားဗီးယား ကျပ် ၁၁၅၀၀၊ ပလာတူး ကျပ် ၄၃၀၀၊ ပလာလန်း ကျပ် ၅၅၀၀၊ ရွှေငါး ကျပ် ၅၀၀၀၊ ငါးကွန်းရှပ် ကျပ် ၁၃၃၀၀၊ ငါးရွေးကြီး ကျပ် ၁၁၅၀၀၊ ငါးပျက် ကျပ် ၉၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၇၅၀၀၀၊ ရေ ချိုပုစွန်ထုပ်(စိမ်း) အလတ် ကျပ် ၅၂၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း)အငယ် ကျပ် ၄၃၀၀၀ အသီးသီး ဖြစ်ပေါ်နေပါသည်။ ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 (မှိုင်းခံပြား)တစ်ပေါင်လျင် ၄၀ ကျပ် ဈေး တက်သော်လည်း နေလှန်းပြား စျေးငြိမ်နေကြောင်း၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်းတွင် ပဲတီစိမ်းတစ်တင်း ၃၀၀၀ ကျပ် စျေးကျနေပြီး မတ်ပဲတစ်တင်း ၁၅၀၀ ကျပ်နှင့် ပဲပုတ် ၅၀၀၀ ကျပ် ဈေးတက်နေသော်လည်း ပဲလွန်းဖြူ၊ ဘိုကိတ်နှင့် မြေပဲ စျေးငြိမ်နေကြောင်း၊ ရေထွက်ကုန် နှင့် ရေချိုပုစွန်ထုပ်များမှာလည်း ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး