ငါးသားပေါက်ရာသီအဖြစ် ငါးဖမ်းခွင့် သုံးလတာရပ်နားပြီးနောက် ယခုလမှစတင်ကာ ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။ ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ငါးသားပေါက်ရာသီကို ဧပြီ၊ မေ နှင့် ဇွန်လအထိ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လမှ စတင်ကာ ငါးဖမ်းရာသီအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season အား ငါးဖမ်းလှေအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နှစ်လမှ သုံးလအထိ ပိတ်သိမ်းခဲ့ကြောင်းနှင့် ငါးသား ပေါက် ရာသီ (သို့မဟုတ်) ငါးမဖမ်းရကာလအား ဧပြီ၊ မေ၊ ဇွန်လများအဖြစ်သတ်မှတ်ထားပြီး တစ်နှစ်လျှင် ရှေ့တစ်လစီတိုးကာ သတ်မှတ်သွားမည့်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်
ထိုကဲ့သိုတွေ့ရှိခဲ့သည့်အတွက် လျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်တိုးပွားလာရေး ငါးလုပ်ငန်းဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်
Source: Popular News Journal