International News

ဗီယက်နမ်နိုင်ငံ လတ်ဆတ်အသီး အမျိုးမျိုးတင်ပို့မှု ဒူးရင်းသီး သရဖူဆောင်း

Last Updated:

          ဗီယက်နမ်နိုင်ငံ သစ်သီးတင်ပို့မှုတွင် ဗီယက်နမ်အကောက်ခွန်၏ အဆိုအရ နဂါးမောက်သီး တင်ပို့မှုသည် ၁၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် လတ်ဆတ်ဒူးရင်းသီးတင်ပို့ခြင်း လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်ကို ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့သည့်အတွက် လတ်ဆတ်ဒူးရင်းသီးတင်ပို့မှု ပမာဏ ခုန်တက်သွားသည်။ဗီယက်နမ်နိုင်ငံမှ တင်ပို့သော လတ်ဆတ်ဒူးရင်းသီး စုစုပေါင်း၏ ၉၆ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ဝယ်ယူခဲ့သည်။

          ဗီယက်နမ်နိုင်ငံမှ ယမန်နှစ်တွင် လတ်ဆတ်ဒူရင်းသီး စုစုပေါင်းကန်ဒေါ်လာ သန်း ၄၂၀ ဖိုး တင်ပို့ခဲ့သည်။ ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အသင်းဥက္ကဋ္ဌ ဒန်းဖုငုယင်က  လတ်ဆတ်သောဒူးရင်းတင်ပို့မှုကို ယခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် လာမည့်နှစ်နှစ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံအထိ မျှော်မှန်းထားသည်။ သို့သော် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းအများဆုံး တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနေသည့် ထိုင်းနိုင်ငံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရသည်။

         ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံ ဒူရင်းသီးတင်သွင်းမှု စုစုပေါင်း ကန်ဒေါ်လာ ၂.၆၆ ဘီလီယံဖိုး၏ ၈၅% ဝန်းကျင်သည် ထိုင်းဒူရင်းသီးများ   ဖြစ်သည်။   ဗီယက်နမ်နိုင်ငံတွင်  ဒူးရင်းလတ်လတ်ဆတ်ဆတ် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဒူရင်းခြံ ၂၉၃ ခုနှင့် ထုပ်ပိုးမှုလုပ်ငန်း ၁၁၅ ခု တင်ပို့ခွင့် ရရှိထားသည်။ ဗီယက်နမ်နိုင်ငံ လတ်ဆတ်အသီး တင်ပို့မှုတွင် အများဆုံး ထိပ်တန်း ၅ မျိုးမှာ ဒူးရင်းသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ပိန္နဲသီး တို့ဖြစ်ပါသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News