International News

နီပေါနိုင်ငံမှ ခရမ်းချဉ်သီးများကို အိန္ဒိယနိုင်ငံစတင်ဝယ်ယူတင်သွင်း

Last Updated:

     ပြည်တွင်း ခရမ်းချဉ်သီးဈေးများ စံချိန်တင် မြင့်တက်လာမှုကြောင့် နီပေါနိုင်ငံမှ ခရမ်းချဉ်သီးများကို အိန္ဒိယနိုင်ငံက စတင်ဝယ်ယူတင်သွင်းနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့(ဩဂုတ်လ ၁၀)ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဝယ်ယူတင်သွင်းထားသည့် ပထမဆုံးအကြိမ် ခရမ်းချဉ်သီးများသည် ဩဂုတ်လ ၁၁ ရက် တွင် ဗာရာဏသီ၊ လပ်ခ်နောက်နှင့် ကန်ပူရ်မြို့များသို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်၌ အသိပေးပြောကြားခဲ့သည်။

     ပြီးခဲ့သည့်သုံးလအတွင်း အိန္ဒိယပြည်တွင် လက်ကားဈေးကွက်၌ ခရမ်းချဉ်သီးဈေးနှုန်း စံချိန်တင်မြင့်တက်လာခဲ့ပြီး တစ်ကီလိုလျှင် ရူပီး ၁၄၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉) ထိရောက်ရှိလာခဲ့သည်။ အိန္ဒိယနိုင်ငံ ပြည်တွင်းလက်ကားဈေးကွက်၌ ပြီးခဲ့သည့်သုံးလအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ရာခိုင်နှုန်း ၁၄၀၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မိုးမကောင်းမှု၊ အပူချိန် မြင့်တက်မှုနှင့် အပင်ပိုးကျမှုပြဿနာများကြောင့် ခရမ်းချဉ်သီးထွက်နှုန်းကျလာပြီး ဈေးနှုန်းမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံလယ်သမားများ၏အဆိုအရ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: International News