Local News

ဖျာပုံမြို့နယ်တွင် စပါးကြမ်းတင်း ၁၀၀ လျှင် ငွေကျပ် ၁၇၈၀၀၀၀ ထိဈေးကောင်းရရှိနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် စပါးကြမ်း တင်း ၁၀၀ လျှင် ငွေကျပ် ၁၇၈၀၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဖျာပုံမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင် ဦးသူရထွန်းက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် ဩဂုတ်လသည် နွေစပါးလက်ကျန်များ အရောင်းအဝယ်ဖြစ်နေသည့် ကာလဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက ထိုင်းဘေးကျား၊ ရက် ၉၀၊ ဆင်းသုခ၊ ပခန်း၊ သီးရင်၊ မှော်ဘီ စသည့်စပါးအမျိုးအစားများ တင်း ၁၀၀ လျှင် ငွေကျပ် ၁၅၆၀၀၀၀ သာ ဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၁၀) ရက်နေ့ထိ အဆိုပါစပါးအမျိုးအစားများ တင်း ၁၀၀ လျှင် ငွေကျပ် ၁၇၈၀၀၀၀ ထိ ဈေးရရှိနေကြောင်း သိရသည်။

     “ဒီနှစ် စပါးဈေးက တအားကောင်းနေတယ်။ အခု စပါးကုန်သည်တွေက သိုလှောင်ထားတဲ့တောင်သူတွေ၊ ပွဲစားတွေထိလာရောက် ဝယ်ယူနေပါတယ်။ လက်ကျန်နွေစပါးတွေ နည်းပါး နေပြီး စပါးအသစ်တွေမပေါ်သေးတာကြောင့် စပါးကဈေးကောင်းရနေတာဖြစ်ပါတယ်။ စပါးဈေးကောင်းသလို အရောင်း အဝယ် သွက်နေပြီး ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ ရောင်းချနေကြောင်း သိရပါသည်။

Source: ရတနာပုံသတင်းစာ 

Category: Local News