Local News

မန္တလေးကုန်စည်ဒိုင်တွင်မတ်ပဲနှင့်ပဲစင်းငုံနီအဝယ်သွက်၍ဈေးမြင့်တက်လာမှုအခြေအနေ

Last Updated:

စက်တင်ဘာလ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ဈေးအေးသွားတဲ့ မတ်ပဲက ယခုတစ်ပတ်ဈေးမြင့်လာကြောင်း မတ်ပဲအသစ်များ မပေါ်သေးပဲ လက်ကျန်နည်းကာ ဈေးကွက်ထဲအဝင်နည်းပေမဲ့ ပြည်ပအဝယ်သွက်နေသောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၄၅၀၀၀ မှ ၂၄၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၃၀၀၀၀ မှ ၂၄၀၀၀၀၊ ယခင်လ ကျပ် ၁၇၀၀၀၀ မှ ၂၁၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၇၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက်ကျပ် ၃၂၀၀၀ မှ ၇၅၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံဈေးကွက်မှာ အမြင့်ဈေးဖြင့် ငြိမ်နေခဲ့ရာမှ ယခုတစ်ပတ်တွင် ဈေးမြင့်တက်လာကြောင်း ပြည်တွင်းပဲလက်ကျန်နည်းခြင်း၊ အိန္ဒိယနိုင်ငံကို တင်သွင်းရမယ့် ပမာဏသတ်မှတ်ထားတာဖြစ်လို့ ပြည်ပတင်ပို့မည့် ဝယ်လက်အဝယ်သွက်လာသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။ ပဲစင်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၈၅၀၀၀ မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၃၅၀၀၀၊ ယခင်လ ကျပ် ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၅၀၀၀ မှ ၅၀၀၀၀၊ ယခင်လထက် ကျပ် ၇၅၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံ(ဖြူ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၂၅၀၀၀ မှ ၃၃၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၀၀၀၀၀၊ ယခင်လ ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၅၀၀၀ ၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၃၅၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News