Local News

မန္တလေးကုန်စည်ဒိုင်တွင်ပဲတီစိမ်း(အညာ)အဝယ်သွက်၍ဈေးမြင့်လာမှုအခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင် ပဲတီစိမ်း (အညာ) ဈေးကွက်တွင် ယခင်တစ်ပတ် ဈေးကျဆင်းနေတဲ့ ပဲတီစိမ်းက ယခုတစ်ပတ်တွင် ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရသည်။ ဈေးကွက်သို့ ကျောက်ဆည်နယ်နှင့် မန္တလေးအနီးတဝိုက်မှ ဝင်ရောက်နေပြီး၊ အရည်အသွေးနှင့် အစိုဓာတ်အပေါ်မူတည်၍ ရောင်းဝယ်နေကြကြောင်း၊ တရုတ်ဝယ်လက်မှ အဝယ်သွက်လာသောကြောင့် ယခင်တစ် ပတ်ထက်ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၄၅၀၀၀ မှ ၁၆၆၀၀၀၊ ယခင်လ ကျပ် ၁၅၅၀၀၀ မှ ၁၇၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀ မှ ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News