Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၈-၈-၂၀၂၃ မှ ၁-၉-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၄၂၇၀၀၀၊ မတ်ပဲ SQ/ RC  (2023 Crop) ကျပ် ၂၅၈၇၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၃၄၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၇၂၀၀၀၊ မတ်ပဲ SQ/ RC  (2023 Crop) ကျပ် ၁၀၂၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၆၅၀၀၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၃၅ လုံး ( တန်ချိန် ၈၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၀၀ လုံး ( တန်ချိန် ၂၄၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၆၅ လုံး ( တန်ချိန် ၁၅၆၀ ) လျော့ နည်းဝင်ရောက်ခဲ့ကြောင်း သိ ရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မြှားနီ ကျပ် ၁၂၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၀၀၀၊ မြှားနီ ကျပ် ၁၀၀၀၊ အိမ်မဲ ကျပ် ၁၀၀၀ အသီးသီးဈေး ကျဆင်းခဲ့ပြီး ကျန်ငရုတ်သီး ဈေးများငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၂၂၀၀ ( ၄၄၀၀၀ ပိဿာ ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ ( ၁၅၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၅၀၀  ( ၃၀၀၀၀ ပိဿာ )နှင့်  ငရုတ်ပု  အိတ်ပေါင်း  ၅၅  ( ၈၂၅ ပိဿာ)   ဝင်ရောက်ခဲ့သောကြောင့်  ယခင်အပတ်ထက်  ငရုတ်ရှည်  အိတ်ပေါင်း  ၇၀၀  (၁၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၄၅ (၆၇၅ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၅၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိ ဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင် (ဒုံး) ကျပ် ၃၇၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၄၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၃၉၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၄၇၀၀၊ ကြံသကာ(စစ်)ကျပ် ၃၀၀၀ နှင့် သကြား (ပြည်တွင်း) ကျပ် ၃၆၅၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၁၀၀၊ ရေစကြိုထန်းလျက် (ချော) ကျပ် ၃၀၀ နှင့် ကြံသကာ (စစ်)  ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပါသည်။

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ် ကျပ် ၃၅၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၃၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၃၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၉၀၀၊ မုံရွာရှယ် ကျပ် ၃၅၀၀၊ မုံရွာလတ်ကြီး ကျပ်  ၃၄၀၀၊  မုံရွာလတ်သန့် ကျပ် ၃၃၀၀ နှင့်  မုံရွာလတ်ချော ကျပ် ၂၉၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၅၀  နှင့် မုံရွာရှယ် ကျပ် ၅၀ ဈေးကျ ဆင်းခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၉၆ စီး( ၅၇၆၀၀၀ ပိဿာ )ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၀၅ စီး ( ၆၃၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၉ စီး( ၅၄၀၀၀ ပိဿာ)  ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၈၀၀၊ အောင်ပန်းထူး-၃ ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိပါသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၆၀၀ ( ၇၈၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း  ကြက်သွန်ဖြူ အိတ် ၂၆၀၀ ( ၇၈၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့ ကြောင်းသိရသည်။

Source: (Domestic(Ygn) MITC

Category: Local News