Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၄၅၀၀ )ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း အဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁) ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၃၄၅၀-၃၅၅၀)ကျပ်၊ (လတ်) (၃၂၀၀-၃၃၀၀) ကျပ်၊ (သေး) (၂၉၀၀-၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်း များမှာ (ကြီး) (၃၆၅၀-၃၇၀၀ ) ကျပ်၊ (လတ်) (၃၄၅၀-၃၅၅၀)ကျပ်၊ (သေး)  (၃၂၀၀- ၃၁၀၀)ကျပ် ရှိပါသည်။  ကြက်သွန်ဖြူ လက်ကားဈေးမှာ( ဗမာဖြူ ) (၁၀၀၀၀-၁၂၀၀၀) ကျပ်၊ (ရှမ်းစ) (၉၀၀၀-၁၀၀၀၀)ကျပ်၊ ကြူကုတ် (၈၀၀၀-၈၅၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၁၂၅၀၀-၁၃၆၀၀) ကျပ်၊ (ရှမ်းစ) (၉၇၀၀-၁၁၅၀၀) ကျပ်၊ ကြူကုတ် (၈၅၀၀-၉၅၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။

Source: စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News