Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်မှ  အောက်တိုဘာလ ၆ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊  ပြောင်းနှင့် လောင်စာတောင့်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်း ငွေပမာဏမှာ ၃၉၁၆၃၉.၈၂၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃  ရက်မှ  ၂၉ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၆၉၄၄၇၇.၂၆၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၀၂၈၃၇.၄၄၀ ကန်ဒေါ်လာ တန်ဖိုး လျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ 

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်မှ  အောက်တိုဘာလ ၆ ရက်နေ့အတွင်း သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ လယ်ထွန်စက်၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်‌ရေးပစ္စည်းများ၊  လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ သံပိုက်၊ ကုန်ထုတ်စက္ကူနှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၅၁၀၂၃၃.၉၄၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃  ရက်မှ  ၂၉ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၈၀၄၂၂၁ .၁၇၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၉၃၉၈၇.၂၃၀ ကန် ဒေါ်လာ တန်ဖိုး လျော့နည်း၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၁၈၅၉၄.၁၂၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ် မှုစာရင်းများအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၇.၃၅  ကျပ် ရှိကြောင်းသိရှိရပါသည်။   
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News