Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်မှ  အောက်တိုဘာလ ၆  ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၃၉၁၆၃၉.၈၂၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၅၁၀၂၃၃.၉၄၀ ကန်ဒေါ် လာ တင်သွင်းမှုရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်ကွဲ၊ ဆန်၊ ပြောင်းနှင့် လောင်စာတောင့်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၃၈၄၉၈.၁၂၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေး စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၂၅၃၁၃၁.၇၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။
သွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့်အခြားယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ လယ်ထွန်စက်၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ချည်ထည်များ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်‌ရေးပစ္စည်းများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ သံပိုက်၊ ကုန်ထုတ်စက္ကူနှင့် မြက်ခင်းတုများ  တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၂၉၁၀၉.၄၂၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံ သို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၂၈၁၁၂၄.၅၂၀ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၄၈ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၇.၃၅  ကျပ် ရှိကြောင်းသိရှိရပါသည်။
Source: ကချင်ပြည်နယ်

Category: Local News