Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

အောက်တိုဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းများအဝင်များ၍ နှမ်းဝါ၊ နှမ်းဖြူ ဈေး အနည်းငယ်မြင့်တက်နေပြီး၊ နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးငြိမ်းနေကြောင်း သိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၀၀၀၀ - ၁၀၄၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၅၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ် ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀-၉၄၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀) ကျပ် ရှိနေကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀ - ၆၆၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၀၀၀) ကျပ် ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၀၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးငြိမ်နေ ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၀၀၀-၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ(နယ် - ၂၇၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၅၀၀ )ကျပ်၊ နေကြာ ဖတ် တစ်ပိဿာ (၁၉၂၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်း‌တိုင်းဒေသကြီးဦးစီးမှူးရုံး

 

 

Category: Local News