Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

အောက်တိုဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပဲတီစိမ်းကြီး၊ Cp ပြောင်းဖူးစေ့၊ ကုလားပဲ ထိုင်ဝမ် ၊ ပဲနီလုံးရိုးရိုး၊ ပဲတီစိမ်းသေးတို့ ဈေးငြိမ်၍ ပဲကြီး၊ မတ်ပဲ၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ဈေးအနည်းငယ် မြင့်တက်နေပြီး၊  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲပုပ်စေ့ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၆၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၇၀၀၀)ကျပ်၊ ပဲကြီး (၁၁၀၀၀၀)ကျပ်၊ မတ်ပဲ (၈၁၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ ပဲပုပ်စေ့ (၇၇၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၈၅၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၉၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၈၀၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၇၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၇၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၈၀၀၀)ကျပ်၊ ပဲကြီး (၁၀၈၀၀၀)ကျပ်၊ မတ်ပဲ (၇၈၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၃၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲပုပ်စေ့ (၇၈၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၈၈၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၈၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၇၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၇၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်း (၂၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်း (၃၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်း (၁၅၀၀) ကျပ်၊ ကုဖြူလုံးကြီး တစ်တင်း (၅၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၁၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်း (၅၀၀)ကျပ်  မြင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်း (၁၀၀၀) ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၁၀၀၀)ကျပ်၊ ပဲပုပ်စေ့ တစ်တင်း (၁၀၀၀)ကျပ်း အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News