Local News

ရခိုင်ပြည်နယ်စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၃၀-၉-၂၀၂၃) မှ (၆-၁၀-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်းနှင့် ငါးသိုင်းခေါင်းပွတို့ တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၄၅၇၇၁ ဒဿမ ၀၄ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် အုန်းသီးခြောက်တန်ချိန် ၄၃ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ အုန်းသီးခြောက် တန်ချိန် ၆၄ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် အုန်းသီးခြောက်တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်းသိရပါသည်။ ယခုအပတ် အုန်းသီးခြောက် တင်ပို့နိုင်မှုငွေပမာဏမှာ ၁၂၉၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်း တန်ချိန် ၃၁၀ ဒဿမ ၄၆၄ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်း တန်ချိန် ၆၁၀ ဒဿမ ၅၆ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်း တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်းသိရပါသည်။ ယခုအပတ် ငါးမြစ်ချင်း တင်ပို့နိုင်မှု ငွေပမာဏ မှာ ၃၉၆၅၇၆ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူး

 

Category: Local News