Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအ‌ခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅  ရက်မှ  ဒီဇင်ဘာလ ၁  ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ် ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ပြောင်း၊ ရော်ဘာ၊ ဆေးကုလားမ၊ သခွားမွှေး၊ ဆန်ကွဲ၊ ဖရဲသီး၊ ကြံနှင့် ဆန်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၄၉၃၈၈၂၁.၄၇၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈  ရက်မှ  ၂၄ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၃၅၇၂၃၄၈.၃၃၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၃၆၆၄၇၃.၁၄၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါ သည်။ 
သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅  ရက်မှ  ဒီဇင်ဘာလ ၁  ရက် နေ့အတွင်း ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ကုန်ထုတ် စက္ကူများ၊ လူသုံးအခြားပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ချည်ထည်များ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့် အခြားယာဉ်များ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သံပိုက်၊ ပလပ်စတစ်ပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၆၀၃၃၁၄.၈၅၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈  ရက်မှ  ၂၄ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၅၃၁၉၄၃.၂၂၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၇၁၃၇၁.၆၃၀ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၃၀၄၀၄၀၅.၂၂၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၇.၆၁  ကျပ် ရှိကြောင်းသိရှိရပါသည်။    
       
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News