Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ - တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅  ရက်မှ  ဒီဇင်ဘာလ ၁  ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၄၉၃၈၈၂၁.၄၇၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၆၀၃၃၁၄.၈၅၀  ကန်ဒေါ်လာ  တင်သွင်းမှုရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ရော်ဘာ၊ ဆေးကုလားမ၊ သခွားမွှေး၊ ဆန်ကွဲ၊ ဖရဲသီး၊ ကြံနှင့် ဆန်များ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၂၃၀၂၅၄၁.၅၅၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုး မှာ ၂၆၃၆၂၇၉.၉၂၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ လူသုံးအခြားပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ချည်ထည်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့်အခြားယာဉ်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မော် တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သံပိုက်၊ ပလပ်စတစ်ပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်း ကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၈၀၄၇၉.၃၆၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၄၂၂၈၃၅.၄၉၀ တင်သွင်းမှုရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၃၆ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၇.၆၁  ကျပ် ရှိကြောင်းသိရှိရပါသည်။

 

Source: ကချင်ပြည်နယ်ဦးစီးမှုးရုံး
 

Category: Local News